(English below)

“အန်တီတို့ အဲဒီအိမ်ဆောက်ပြီးနေတာ ၈ နှစ်ပဲ ရှိသေးတယ်။ အခုအန်တီ အဲဒီဘက်အိမ် မသွားချင်ဘူးဆိုတာ အဲဘက်ကိုသွားရင် ဘယ်လိုမှ ခံစားလို့မရဘူး။ အခုအဲဘက်အိမ်ကို အန်တီ တအားလွမ်းတယ်။ ကိုယ့်အိမ်ကို သွေးနဲ့ချွေးနဲ့ ရှာထားရတာလေ။ သူများလို ချမ်းသာခဲ့တာ မဟုတ်ဘူး။ တစ်ကျပ်ရရင် တစ်မတ်ပဲ စားတယ်။ ကျန်တာ ဒီအိမ်အတွက်ဆိုပြီးပေါ့”

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ဦးတည်းသားဖြစ်သူအပါအဝင် နေအိမ်တစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့တဲ့ ဒေါ်စိန်စိန်အတွက် ၅ လကျော် ကြာတဲ့အထိ ဒီအဖြစ်အပျက်ကို မမေ့နိုင်သေးပါဘူး။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ နေအိမ်ပျက်စီးမှုထက်ပိုပြီး မိသားစုအိပ်မက်တစ်ခုလုံး ပျက်စီးသွားခြင်းဖြစ်တယ်လို့ ဒေါ်စိန်စိန်က ပြောပါတယ်။

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့ပေါ် အောင်ချမ်းသာရပ်ကွက်ရှိ လူနေထူထပ်တဲ့ နေရာတွေကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်ပေါင်း ၂၀ ကျော် ပျက်စီးခဲ့ပြီး ဒေါ်စိန်စိန်ရဲ့ သားဖြစ်သူ အသက် ၂၀ ဝန်းကျင် မောင်ရှိန်မင်းသန့်ဆိုသူ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆ ဦး ရှိခဲ့ပါတယ်။

A Mother’s Loss: Son Killed, House Obliterated in Junta Airstrike

“We had only lived in that house for eight years. I can’t bring myself to go back—it’s just too painful. I miss it deeply. We built that home with our blood and sweat. We weren’t wealthy like others. If we earned one kyat, we spent only a quarter and saved the rest for that house. That’s how much it meant to us.”

More than five months after a junta airstrike destroyed her home and claimed the life of her only child, Daw Sein Sein says she still cannot forget the tragedy.

She emphasized that the loss was not merely physical, stating that the attack didn’t just destroy their house—it shattered her family’s entire dream.

On May 12, the junta’s military dropped a 500lb bomb on a densely populated area in Aung Chan Thar Ward, Manton, a township controlled by the Ta’ang National Liberation Army (TNLA) in northern Shan State.

The airstrike destroyed more than 20 houses, killed Daw Sein Sein’s son, Maung Shein Min Thant—aged around 20—and injured six others.

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။