တစ်ဟုန်ထိုး မြှင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ စစ်လက်နက်အကြွင်းအကျန် ရှာဖွေပြီး ရောင်းချမှုက ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။

လက်ရှိ သီပေါမြို့မှာ ကျဉ်ဆံခွံ တစ်ပိဿာကို ၁ သောင်းကျပ် ရကြပါတယ်။

အဲဒီလို စစ်လက်နက် အကြွင်းအကျန် ရှာဖွေရင်း ဒေသခံတွေဟာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

တအာင်းတပ်ရဲ့ တာဝန်ရှိသူတွေကတော့ တပ်စခန်းတွေထဲ ဒေသခံတွေ မဝင်ဖို့ တားမြစ်ထားတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတချို့ဟာ တပ်စခန်းထဲ ခိုးဝင်နေတာကြောင့် ထိခိုက်သေဆုံးမှု ရှိနေပါတယ်။

သီပေါမြို့မှာ စစ်လက်နက် အကြွင်းအကျန် ရှာရင်း မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မိသားစုဝင်ကို ရွှေဖီမြေက တွေ့ဆုံမေးမြန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။