အပတ်စဉ် တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံသတင်းကနေ ပြန်လည် ကြိုဆိုပါတယ်။
ဒီတစ်ပတ် သတင်းတွေကို လွေးထွေးက စုစည်းပေးတင်ဆက်ပေးထားပါတယ်။
နားဆင်ရမယ့် သတင်းတွေကတော့
~ မိုင်းရယ်က ကျားဖြန်လုပ်ကိုင်သူတချို့ကို မိုင်းနောင်ဘက် နေရာပြောင်းရွှေ့ခဲ့ပြီး မိုင်းဟဒေသမှာလည်း ကျားဖြန်ရုံတွေ ဆက်ရှိနေ
~ မုံးစီးမှာ ကလေးငယ် ၂ ဦး ဗုံး ယူဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးပြီးတော့ ၁ ဦး ထိခိုက်ဒဏ်ရာရ
~ ဆွေးနွေးပွဲအတွင်းနဲ့ ဆွေးနွေးပွဲအပြီး စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ နောင်ချိုမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းအပြင် တခြားသတင်းတွေကိုလည်း ကြားရမှာပါ။