အပတ်စဉ် တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံသတင်းအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။
ဒီတစ်ပတ် သတင်းတွေကို လွေးထွေးက စုစည်းတင်ဆက်ပေးထားပါတယ်။
~ ကွတ်ခိုင်မြို့နယ်မှာ ကလေးငယ်တွေ မိုင်းနင်းမိလို့ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
~ TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ ၁ လအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ထုတ်ပြန်
~ နမ့်ခမ်းမြို့နယ်မှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်းနဲ့ မိုင်းပေါက်မိပြီး ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့သတင်းအပြင် တခြားသတင်းတွေကိုလည်း ကြားရမှာပါ။