အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်ပေးနေတဲ့ ရုပ်သံသတင်းအစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါရစေ။ ဒီတစ်ပတ် သတင်းတွေကို လွေးထွေးက ကောက်နုတ် စုစည်းကာ တင်ဆက်ပေးသွားမှာပါ။
~ နမ္မတူမြို့မဈေးထဲက သက်တမ်းကုန်တဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ အလှကုန်တွေကို မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီက လိုက်လံ စစ်ဆေးခဲ့ပါတယ်။
~ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိတဲ့ KTV နဲ့ အနှိပ်ခန်းမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကို ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနက ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
~ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ဆယ်နဲ့ချီ ရဲဘော်ထဲက တချို့ရဲ့ မိသားစုဝင်ကို ရွှေဖီမြေက ကွင်းဆင်းကာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
~ တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာ ရွှေဖီဦးလက်ဖက် ရွက်စိမ်းတစ်ပိသာကို ၄ ထောင်နဲ့ စဝယ်နေပြီလို့ သိရှိရပါတယ်။ ဒီသတင်းတွေအပြင် တခြားသတင်းတွေကိုလည်း တင်ဆက်ပေးသွားပါမယ်ရှင်။