(Burmese below)
ရံပ်ရိုႈဘိုး တကခံပ်ကယည် ပ်ုန်ပ္လိူရ်ႈဟြာင်းဒဲႈ ဖုင်ယဲဆျှိုည်ဖီမျေ ဆငည်းရႎါည်း တောန်နှားနီန်အောႏ။
ဆဒါင်ပ်ုန်နံင်ပ္လိူရ်ႈဟြာင်းဒဲႈ နှားနီန်မိုႈ
~ ဆဒါင်ဘိူည်လေႈဒေဲႈ ဒါႈမိုး တံပ်ကိုးကာင်းကဲ နံင်က္လိုတ်ႎီရ်ဒါႇတေင်နီမာ် ကဲဆီုင်ဂီုည်ရဲန်အူန်း ကနာည်နံင်ရေဲန် ယုင်ဆနံမ်ဒါင်းနီန် အစဴင်အရဴင်
~ ဆဒါင် ပနော်င်ခေဝ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တောပ်ဒေဘိဂါင် ပ်ုန်ထာင်ကဲတ အ်ုန်အီကဆီုဝ်ကဆဲင်တောပ် TNLA ကာည်း PDF ကဲ၊ အီကတူႈတိုည်းမာ် မိူဝ်ႈ
~ ဂေါႇပ်ုန်ဒါကဲတ ယာန်ပ်ုရ်ပျောႈဟာဝ်းနီန် ဘည်ဘာည်း အာဝ်မိူဝ်ႈဒီနောႈဒါင်း ဦးလီရှောက်မိန် ကာည်း ပီးအ်ုန်အောႏ။
မင်္ဂလာပါ။
အပတ်စဉ်တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။
ဒီတပတ်ကြားရမယ့် သတင်းတွေကတော့
~ ကိုးကန့်တပ်က သီန္နီကနေ ပြန်ဆုတ်မယ်လို့ သတင်းထွက်နေပေမယ့် ဆေးရုံအကြီးအကျယ်ဆောက်လုပ်ဖို့ စီစဥ်နေတဲ့ သတင်း
~ နောင်ချိုမှာ TNLA၊ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တွေကို စစ်ကောင်စီတပ် လိုက်လံချိတ်ပိတ်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတဲ့ သတင်းနဲ့
~ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အားကိုးရာမဲ့ ဖြစ်ခဲ့ရတဲ့ ဦးလီရှောက်မိန်တို့ ဇနီးမောင်နှံအေကြာင်း စတာတွေကို ကြားရပါမယ်။
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။