ရွာငံ‌မှာ (P.S.F)တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံး

ပြည်သူ့များတပ်ဖွဲ့(P.S.F) တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ထုတ်ပြန်ထားပါတယ်။

ရွာငံလွှတ်တော်အမတ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ သေဆုံးခဲ့ကြောင်း ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမင်းကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် ၅ လအကြာမှာ သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရွာငံမြို့နယ်ရှိ ကျေးရွာတချို့က ဒေသခံတွေကို စစ်ကောင်စီတပ်က ငွေတောင်း၊ ဖမ်းဆီးရိုက်နှက်တာအပြင် ဖုန်းတွေလည်း စစ်ဆေးသိမ်းဆည်းနေ

ရှမ်းတောင် ရွာငံမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ငွေတောင်းတာအပြင် စစ်ဆေးဖမ်းဆီးရိုက်နှက်နေသလို ဖုန်းတွေကိုလည်း သိမ်းဆည်နေကြောင်း ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော်- DSNDA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာငံမှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်တာ ရှိနေကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းတောင် ရွာငံမြို့နယ်မှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF ရဲ့ ဧပြီ ၂၄ ရက်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထွက်ပြေးဖို့ ကြိုးစားတဲ့ ဗိုလ်ကြီးတစ်ဦးကို ဓနုတပ် DSNDA က အသေပစ်ခတ်

ရှမ်းတောင် ရွာငံ-အောင်ပန်း လမ်းမပေါ်မှာ ဓနုပြည်နယ် ကာကွယ်ရေးတပ်တော်- DSNDA က စစ်ဆေးရေး လုပ်နေချိန် ကားပေါ်ကနေ ဆင်းပြေးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့‌ကြောင်း DSNDA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာငံမြို့နယ် မင်းပလောင်ရွာက စစ်ရှောင်တွေ အရေပြားရောဂါ ခံစားနေရ

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် မင်းပလောင်ရွာက စစ်ရှောင်တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အရေပြားရောဂါ ခံစားနေရတယ်လို့ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး- DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ် မီးရှို့ဖျက်ဆီးလိုက်တဲ့ ရွာငံ မင်းပလောင်ရွာက စစ်‌ရှောင် ၇၀၀ ဝန်းကျင် ဆေးဝါးနဲ့စားနပ်ရိက္ခာ လိုအပ်နေ

ရှမ်းတောင် ရွာငံမြို့နယ် မင်းပလောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်တာကြောင့် ဒေသခံ ၇၀၀ ဝန်းကျင် ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရွှေဖီမြေကို ပြောပါတယ်။