ယင်းမာပင်နယ် ကျေးစာကျရွာက ဒေသခံ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ဖမ်းဆီး

ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ ကျေးစာကျကျေးရွာက လူပေါင်း ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသားတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးကို စစ်ကောင်စီတပ်က Paramotor လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။