ရေစကြိုက ငတရော်ရွာ ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၅ ဦးအထိ ရှိ

မကွေးတိုင်း ရေစကြိုမြို့နယ်က ငတရော်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် PDF တွေအပါအဝင် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် ကမ္ဘဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအပါအဝင် ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေစကြိုမြို့နယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် မီးရှို့

စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် မီးရှို့တာတွေ ပြုလုပ်နေပါတယ်။

ရေစကြိုမြို့နယ် သာဂေါင်ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ရေစကြိုမြို့နယ် သာဂေါင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။