ဝက်လက်မြို့နယ်က ပအဖ တာဝန်ခံ တစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်သတ်

‎စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့ လေကြောင်းတိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့ စခန်းသာရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် အနောက်ခြမ်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊‌ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၁ဝ ‌ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကိုင်မြောက်ရွာက လသားအရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး သေဆုံး၊ ၆ ဦး စိုးရိမ်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၆ ဦး စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံးခဲ့တဲ့အပြင် ၃ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ် အုန္နဲဘုတ်ရွာကိုစစ်ကြောင်း ထိုးနေလို့ ဒေသခံတွေညတွင်းချင်း ထွက်ပြေးရ၊ အရပ်သား ၄၀ ကျော်လည်း ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေတာကြောင့် ဘေးလွတ်ရာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။