Browsing Tag
Waingmaw
6 posts
ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်း ကနေ ဗုံးကြဲလို့ လူထိခိုက်မှုရှိပြီး နေအိမ်လည်း ပျက်စီးမှုရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ လုမြန်ရွာဘက်မှာ လတ်တလော စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ ရှိသလို လေကြောင်းကနေ ဗုံးကြဲလို့ လူ ထိခိုက်ပြီး နေအိမ်လည်း ပျက်စီးမှုတွေရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဝိုင်းမော် လုမြန်ရွာ အနီးဘက် တိုက်ပွဲပြန်လည် ပြင်းထန်၊ မြစ်ကြီးနားမှာ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်ထား
ကချင်ပြည်နယ်၊ ဝိုင်းမော် လုမြန်ရွာ အနီးဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်-KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့ မနေ့ မေလ ၂၃ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်မှာ စစ်ကြောင်း ပြန်ထိုးလို့ တိုက်ပွဲ ပြင်းထန်နေ
စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်အနီး လုမြန်နဲ့ စန်းကားရွာဘက်ရှိ KIA တပ်စခန်းကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းကစ စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအပြင် ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဝိုင်းမော်က တစ်သျှူးငှက်ပျောခြံမှာ လက်နက်ကြီး ကျကွဲလို့ တရုတ်လုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းရွာရှိ တစ်သျှူး ငှက်ပျောခြံတစ်ခုမှာ ဇန်နဝါရီ ၂၀ ရက် မနက် ၁၀ နာရီခန့်က လက်နက်ကြီး ကျကွဲလို့ တရုတ်လုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်မောင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။