ဝိုင်းမော် လုမြန်ရွာ အနီးဘက် တိုက်ပွဲပြန်လည် ပြင်းထန်၊ မြစ်ကြီးနားမှာ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်ထား
ကချင်ပြည်နယ်၊ ဝိုင်းမော် လုမြန်ရွာ အနီးဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်တပ်မတော်-KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့ မနေ့ မေလ ၂၃ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။