တောင်ငူ လေတပ်စခန်းကို BWM က ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်၊ အရာရှိအပါအဝင် ၇ ဦး သေဆုံးပြီး လေယာဉ် ၂ စီးလည်း ပျက်စီး
ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ တောင်ငူ လေတပ်စခန်းကို Brave Warriors for Myanmar- BWM က မနေ့ ဇန်နဝါရီ ၄ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ အရာရှိအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး အရာရှိအပါအဝင် တပ်သား ၈ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။