သံတွဲမြို့နယ်က စစ်ရှောင်စခန်းအပါအဝင် ၃ နေရာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ဘေးရှောင်စခန်းအပါအဝင် နေရာ ၃ နေရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။