Browsing Tag
Thabeikkyin
59 posts
သပိတ်ကျင်း ၇ မိုင်ရွာမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ဖြည့်တင်းနေ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
တွင်းငယ်ရွာကနေ TNLA တည်ရှိရာကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေ၊ TNLA က တပ်စခန်းတချို့ ပြန်လည်လက်လွတ်ခဲ့ရ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကနေ တအာင်းတပ်မတော် TNLA တည်ရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တအာင်းတပ်ရဲ့ တပ်စခန်းတချို့ ပြန်လည်လက်လွတ်ခဲ့ရတာရှိတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
တွင်းငယ်နဲ့ တကက ၁၃ ရှိ စစ်ကောင်စီတပ်ဟာ TNLA နဲ့ ပူးပေါင်းတပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာ ခံနေရပြီး လေကြောင်းနဲ့သာ လက်နက်ခဲယမ်း ပို့ဆောင်နေရ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်းအမှတ် ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်- TNLA နဲ့ ပူးပေါင်းတပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာ ခံနေရပြီး လေကြောင်းနဲ့သာ လက်နက်ခဲယမ်း ပို့ဆောင်နေရတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်ကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် LOCAL ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။