သပိတ်ကျင်းမြို့နဲ့ ၄ မိုင်အကွာထိ စစ်ကောင်စီတပ်တွေ ရောက်လာ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ကျေးရွာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့အနီးရှိ ၄ မိုင်ရွာကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

သပိတ်ကျင်းနယ်က ဇရပ်ကွင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ သပိတ်ကျင်းမြို့နယ် ၆ မိုင်က နေရာတချို့ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ပေးရ

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၆ မိုင်ကျေးရွာရွာက နေရာတချို့ကို တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ထံ ပြန်လက်လွှတ်ခဲ့ရတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ ပြန်ထိန်းချုပ်

စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေ ပြန်ထိန်းချုပ်နိုင်ပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ် ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ သပိတ်ကျင်းက ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖရဲ့ သတင်းတာဝန်ခံ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၄ မိုင်ရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ နှစ်ထပ်ကျောင်းဆောင် ပျက်စီး

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာက စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

သပိတ်ကျင်းနယ်ထဲရှိ ရွှေလုပ်ကွက်တစ်ခုကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ ကလေး ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာရှိ ရွှေလုပ်ကွက်ကို စစ်ကောင်စီက ဗုံးထပ်ကြဲခဲ့ရာ ကလေး ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဒီနေ့ မေလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

သပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီတပ် ဗုံး ထပ်ကြဲ၊ အရပ်သား ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီတပ် ဗုံး ထပ်ကြဲခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဒီနေ့ မေလ ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပျောႈဘိုးဘျုင် ပလှံင်သပိတ်ကျင်း ဒီႎဲႈဆီုက်ႎဲႈနာန်းကဲ 2 အီးယံမ်း တောပ်ပည်ကောန်ဒဲႇ 9 အီး ကတူႈဖေးဘာတ်

ဘိူန်းအယ်နံပ်တ ကဝ်အီမိူဝ်ႈဇီုင်ကပ္လိူင် ခေဲင်ဆဒါင်ပကဖ အိူင်ပြင်ဦးလွင်ကဲ အူအီးက္လာင်းဒါႈ ကပီုန်ဒါင်းမန္တလေး ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ပျောႈဘိုးဘျုင် ပလှံင်သပိတ်ကျင်း ဒီႎဲႈဆီုက်ႎဲႈနာန်း ကူန်ရဟ်မာဂါင်ကဲ 2 အီးယံမ်း တောပ်ပည်ကောန်ဒဲႇ 9 အီး ကတူႈဖေးဘာတ်ဟာဝ်းအောႏ။

သပိတ်ကျင်းမြို့နယ်က စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ ၂ ဦးသေ၊ ကလေးတွေအပါအဝင် ၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖသတင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။