သပိတ်ကျင်းမှာ စစ်ကောင်စီ လေတပ်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး သေဆုံး၊ နှစ်ရက်အတွင်း အရပ်သား ၃၀ ခန့် သေဆုံး
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- သပိတ်ကျင်းမြို့နယ်က ထုတ်ပြန်ထားပါတယ်။