တီးတိန်မြို့နယ်မှာ ကားလမ်းတွေ ပိတ်ထားတဲ့အတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ကားလမ်းတွေ တစ်လကျော်ကြာ အသုံးပြုလို့ မရတော့တာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငရုပ်သီး စတဲ့ အခြေခံစားသောက်ကုန်တွေ ဝယ်ယူလို့မရဘဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကလေးမြို့ကနေ ချင်းမြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်တပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန်မြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် Saizang ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေး လက်နက်ကိုင်နှစ်ဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေးနှစ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်ကောင်စီ-CC ပူးပေါင်းတပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်-ZRA တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့နယ်မှာ ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်လို့ ဒေသခံ ၂ ဦး သေဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ် ငါလ်ဘွယ်ကျေးရွာမှာ ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်စစ်ဆေးလို့ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့ရှိ ရဲတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ချင်းပြည်နယ် တီးတိန်မြို့ရှိ ရဲတပ်ဖွဲ့ ၂၆ တပ်ရင်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့- CDF CDM SIYIN က ဒီနေ့ ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

တီးတိန်မြို့မှာ ကလေးငယ်တွေ ဆော့ကစားနေရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်၊ ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက်မှာ မနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီခန့်က ကလေးငယ်တွေ ဆော့ကစားကြရင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲ ဖြစ်မှာကို စိုးရိမ်ပြီး တီးတိန်မြို့ခံတွေ ပစ္စည်းပြောင်းရွှေ့တာတွေ လုပ်နေရ

ချင်းပြည်နယ် တီးတိန်မြို့မှာ တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေဟာ ပစ္စည်းပြောင်းရွှေ့မှု လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။