တောင်ငူမြို့ရှိ လေတပ်စခန်းကို BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါအဝင် ၁၀ ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ
ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်တပ်ရဲ့ ကေတုမတီ လေတပ်စခန်းကို Brave Warriors for Myanmar- BWM အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးဟာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲပြီး အရာရှိအပါအဝင် စစ်သား ၁၀ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။