တောင်ကြီးမှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေ

ရှမ်းတောင် တောင်ကြီးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်း စတင်ကောက်ခံနေပြီလို့ ဒေသတွင်း လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်း တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ၁၃ မျဉ်း‌စောင်း မဟုတ်တဲ့ တခြားဒေသက လူထုတွေ ကွင်းလမ်းကနေ ပတ်သွားရလို့ ကားခ ပိုပေးနေရ

ရှမ်းတောင် တောင်ကြီးကနေ ရှမ်းမြောက် လားရှိုးဘက် လာမယ့်သူတွေထဲက ၁၃ မျဉ်း‌စောင်း မဟုတ်တဲ့ တခြားဒေသက လူထုတွေဟာ စစ်တပ်က ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ကွင်းလမ်းကနေ ပတ်သွားရလို့ ကားခ ပိုပေးနေကြရပါတယ်။

တောင်ကြီးမှာ တစ်ရက်ကို လျှပ်စစ်မီး မိနစ်ပိုင်းသာ ပေးနိုင်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး တစ်ရက်ကို မိနစ်ပိုင်းသာ ပေးနိုင်တော့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ ညပိုင်း အပြင်ထွက်သူကို စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး စစ်သင်တန်း ပို့၊ တစ်လကျော်အတွင်း ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိ

ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ညပိုင်းမှာ အပြင်ထွက်သူတွေကို ပေါ်တာဆွဲပြီး စစ်သင်တန်းသို့ ပို့ဆောင်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။