မိုင်းပတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကား ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို ဖမ်းဆီး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ် ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ၂၄ နာရီကြာ ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။