တမူးမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် ၁၂ ဦးနဲ့ အဆက်သွယ်မရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် ၁၂ ဦးဟာ တစ်စုံတစ်ရာ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွေးကောက်ပွဲကာလ နှစ်လအတွင်း တမူးမြို့ခံပြည်သူတွေ ပြန်မလာပါက နိုင်ငံသားအဖြစ် ရပ်စဲမယ်လို့ ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ တမူးမြို့ခံပြည်သူတွေ ရွေးကောက်ပွဲကာလ နှစ်လအတွင်း ပြန်မလာပါက နိုင်ငံသားအဖြစ် ရပ်စဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရဲတပ်ဖွဲ့နေ့ သောက်စားမူးရူးတဲ့ တမူးမြို့က စစ်ကောင်စီ အရာရှိတစ်ဦး ကတုတ်ကျင်းထဲ ပြုတ်ကျသေဆုံး

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတစ်ဦး သောက်စားမူးရူးပြီး ၎င်းတို့ တူးထားတဲ့ ကတုတ်ကျင်းထဲ ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တမူးမြို့နယ်မှာ အမျိုးသမီးတွေကိုပါ စစ်ကောင်စီတပ်က စစ်သင်တန်း ပေးနေ

စစ်ကိုင်းတိုင်း တမူးမြို့နယ် မင်းသာကျေးရွာမှာ အမျိုသမီးတွေကို စစ်ကောင်စီတပ်က ကျေးရွာလုံခြုံရေးအတွက် အခြေခံစစ်သင်တန်း ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တမူးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီးနောက် လူငယ်တွေ စစ်မှုထမ်းဖို့ စစ်တပ်နဲ့ပျူစောထီးက ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လူငယ်တွေ စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပျူစောထီးက ဒီရက်ပိုင်းအတွင်း ရပ်ကွက်တွေမှာ စာရင်း ကောက်ယူကာ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တမူးမြို့ စီးပွားရေးဘဏ်မှာ ငွေသားတွေ ပြတ်လပ်နေတာကြောင့် Non CDM ဝန်ထမ်းတွေ လစာမရ

စစ်ကိုင်းတိုင်း၊ တမူးမြို့ စီးပွားရေးဘဏ်မှာ ငွေသားတွေ ပြတ်လပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် Non CDM ဝန်ထမ်းတွေအားလုံး နှစ်လကြာ လစာမရသေးဘူးလို့ Non CDM အသိုင်းအဝိုင်းဆီက သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်မှာ အာသံရိုင်ဖယ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပကဖ ၁၀ ဦး ကျဆုံး

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ခြမ်းမှာ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

PDF တွေရဲ့ ကုန်သွယ်စီးဆင်းမူကို ဖြတ်တောက်ခံထားတဲ့ တမူးမြို့က စစ်ကောင်စီတပ်တွေ အိန္ဒိယဘက်ခြမ်းမှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဝယ်ယူနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့က စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ ရိက္ခာတွေ ပြတ်လပ်နေတဲ့အတွက် အိန္ဒိယဘက်ခြမ်း ကျေးရွာတွေမှာ ဝယ်ယူနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တမူး မြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ရှောင်နေအိမ်ကို ဖြိုဖျက်ပြီး လူထုခြံဝန်းတွေကိုပါ ဘန်ကာ တည်ဆောက်နေ

စစ်ကိုင်းတိုင်း တမူး မြို့သိမ်းတိုက်ပွဲသတင်းကြောင့် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ရဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး ခြံဝန်းတွေကိုပါ ဘန်ကာအဖြစ် တည်ဆောက်ကာ စစ်ရေး ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တမူးမြို့က စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီနဲ့ ပျူစောထီးက ဖြိုပြီး ရောင်းချနေ

စစ်ကိုင်းတိုင်း တမူးမြို့က လူမနေတဲ့ စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးက ဖြိုပြီး ပရိဘောဂပစ္စည်းတွေကို ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။