ဒီပဲယင်း အိုးတိန်တွင်းရွာ လေကြောင်း တိုက်ခိုက်မှု ဒဏ်ရာရသူထဲက ကျောင်းသား ၁ ဦးထပ်မံ သေဆုံးပြီး ၂၃ ဦးအထိ ရှိလာ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာကို မနေ့ မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဒဏ်ရာရရှိသူထဲက ကျောင်းသားတစ်ဦး ထပ်မံ သေဆုံးပြီး သေဆုံးသူ ၂၃ ဦးထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။