စစ်တွေမြို့မှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီက ပြန်လွတ်ပေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရပ်သား ၃၀ ကျော် ကို မနေ့ ဧပြီလ ၂၄ရက်နေ့ညနေမှာ ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်တွေမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ စစ်သုံ့ပန်း ၂၀၀ ခန့်ကို AA က ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးအခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။