စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေလုပ်ကွက်တွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ ရွှေလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

စဉ့်ကူးမှာ လေကြောင်းထပ်မံ တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

စဉ့်ကူးမြို့နယ် လက်ပံလှရွာ လေကြောင်း တိုက်ခိုက်မှုမှာ သေဆုံးသူ ၃၀ အထိ ရှိလာ၊ မတ္တရာမှာလည်း နေ့စဥ်ရက်ဆက် လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာ ဈေးတန်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူး လက်ပံလှရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့ မတ်လ ၁၄ ရက် ည ၇ နာရီကျော်မှာ ထုတ်ပြန်လာပါတယ်။

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။