စဉ့်ကူး လက်ပံလှရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့ မတ်လ ၁၄ ရက် ည ၇ နာရီကျော်မှာ ထုတ်ပြန်လာပါတယ်။

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။