စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ကို ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်၊ ထိခိုက်မှု များတယ်လို့ ဆို
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှု များတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။