ရွှေကျင်မြို့နယ် ကျွန်းကြီးရွာက မင်္ဂလာပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ရွှေကျင်မြို့နယ်ထဲက မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။