ဆောမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် အညာကတင်းရွာကို ဒီနေ့ မေလ ၁ ရက် မနက် ၁၁ နာရီခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လို့ ဆောထိမြို့နယ်က ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဆောထိမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတာနဲ့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။