စလင်းမြို့နယ် မကျီးကုန်းရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ် မကျီးကုန်းရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ ရှိတဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

စလင်းမြို့‌နယ် ရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း စလင်းမြို့နယ်က ကျေးရွာတွေဘက် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗမာ့တပ်တော်- Bamar Army က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။