Browsing Tag
Sagaing
24 posts
စစ်ကိုင်းက အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရ၊ တပ်တွင်းအချုပ်သား ၂ ဦးအပါ စစ်သား ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်ကို Brave Warriors for Myanmar (BWM) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်တွင်းအချုပ်သား ၂ ဦး အပါအဝင် စစ်သား ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကိုင်းမြို့၊ အုပ်စက်ရပ်ကွက်က ဒေသခံ ၁ ဦးကို ပျူစောထီးတွေက ဖမ်းဆီးသတ်ဖြတ်၊ မြို့အတွင်း ဖမ်းဆီး ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်လာ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုပ်စက်ရပ်ကွက်ထဲက လမ်းသွားနေတဲ့ ဒေသခံ အမျိုးသား ၁ ဦးကို စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်က ပျူစောထီးခေါင်းဆောင် အောင်အောင်ဦးတို့ အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မင်းကွန်းဒေသမှာ ငလျင်လှုပ်မှုကြောင့် ပြိုကျသွားတဲ့ ရှားပင်တိုက်သစ် စာသင်တိုက် ကူညီကယ်ဆယ်ရေး မရောက်သေးလို့ အခက်တွေ့နေ
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း မင်းကွန်းဒေသမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ရှားပင်တိုက်သစ် စာသင်တိုက်မှာ ကူညီကယ်ဆယ်ရေး ရောက်လာတာ မရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲ ပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ အလောင်းကို ကိုယ်ထူကိုယ်ထ တူးထုတ်နိုင်ခဲ့၊ သောက်သုံးရေနဲ့ အစားအသောက် လိုအပ်နေ
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲ ပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ ရုပ်အလောင်းကို သံဃာတော်နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ တူးထုတ်နိုင်ခဲ့တယ်လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်ကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။
မင်းကွန်းဒေသ ငလျင်ကြောင့် သေဆုံးသူ ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်နေရ
စစ်ကိုင်း မင်းကွန်းဒေသ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်ဆောင်ပေးနေရတယ်လို့ မင်းကွန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေး မရောက်သေး
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။
စစ်ကိုင်းမှာ ကူညီကယ်ဆယ်ရေး ရောက်လာပေမဲ့ ထိခိုက်ပျက်စီးတဲ့ အဆောက်အဦး များတာကြောင့် ကယ်ဆယ်ရေးတွေ ထပ်မံ လိုအပ်နေ
ငလျင် ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ စစ်ကိုင်းတိုင်းဘက် မလေးရှားက ကူညီကယ်ဆယ်ရေးအဖွဲ့ ရောက်လာပေမဲ့ ထိခိုက်ပျက်စီးတဲ့ အဆောက်အဦး များတာကြောင့် တချို့နေရာမှာ အလောင်းတွေ မထုတ်နိုင်သေးဘဲ ပုတ်နံ့ ထွက်နေပါတယ်။