ရမ်းဗြဲမြို့နယ် ကျော်နီမော်ရွာက လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ AA ပြော
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ရွာက လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ရွှေဖီမြေကို ပြောပါတယ်။