ဂွမြို့နယ် အခြေစိုက် ခမရ ၅၆၃ လက်အောက်ခံတပ်ရင်းက ဒုတပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးအလင်းဝင်

ရခိုင်ပြည်နယ် ဂွမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၆၃) လက်အောက်ခံတပ်ရင်းက ဒုတပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးအလင်းဝင်ရောက်လာတယ်လို့ People’s Revolution Alliance က မနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ၃ ရက်အတွင်း ၁၂ ဦး သေဆုံး

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ၃ ရက်အတွင်း ကလေး၊ အမျိုးသမီးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြေပုံမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရလို့ သေဆုံး

ရခိုင်ပြည် မြေပုံမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးနဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ကျေးရွာ ၃၀ ခန့်က ဒေသခံတွေ တိမ်းရှောင်နေရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ကျေးရွာ ၃၀ ခန့်က ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။

ကျောက်ဖြူနဲ့ ရသေ့တောင်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး စာသင်ကျောင်းနဲ့ ဓမ္မာရုံ ပျက်စီးပြီး လူထိခိုက်မှုရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ စာသင်ကျောင်းတို့ ပျက်စီးပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

AA ထိန်းချုပ်နယ်မြေမှာ စတားလင့်အင်တာနက် အသုံးပြုခ တစ်နာရီ ၂,၀၀၀ ကျပ် သတ်မှတ်ထား

အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စတားလင့်အင်တာနက် အသုံးပြုခ စျေးနှုန်း တစ်နာရီကို ၂,၀၀၀ ကျပ်နဲ့ တပြေးညီ AA က သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမူကြောင့် ၆ မြို့နယ်မှာ ရေကြီးရေလျှံမူဖြစ်၊ ထောင်နဲ့ချီဒေသခံတွေ နေရာရွှေ့ပြောင်းရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ၆ မြို့နယ်ခန့်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်၊ ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမူဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အမ်းမြို့နဲ့ ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားနှစ်ဦးထက်မနည်း သေဆုံးပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အများပြား ပျက်စီး

ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး စာသင်ကျောင်းတစ်ဆောင် အပါအဝင် လူနေအိမ်အများပြား ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းပြားမြို့နယ် ကြမ်းတိုက်ရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

AA ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ CPSC တောင်းဆို

အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) က မနေ့ မေလ ၂၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။