ပြင်ဦးလွင်မှာ စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် ညထွက်တဲ့ လူငယ်အမျိုးသား ၇ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွား

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် လူသစ်စုဆောင်းနေသလို ညထွက်တဲ့ လူငယ်အမျိုးသား ၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်ကြီး (၇) နေ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုင်စင်မဲ့ကားတွေစီးပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေ၊ လူထုတွေက ငွေ ၃ သောင်းကနေ ၁ သိန်းအထိ ပေးပြီး ပြန်ထုတ်နေရ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်နဲ့ရဲက ပူးပေါင်းပြီး လိုင်စင်မပါတဲ့ လူထုတွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးထားပြီး ငွေကျပ် ၃ သောင်းကနေ ၁ သိန်းအထိ ပေးပြီးပြန်ထုတ်ယူခဲ့ရကြောင်း ပြင်ဦးလွင်ရှိ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်ရှိ နေရာတချို့ စီမံကိန်းထဲ ပါတယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်ဖျက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ နေရာတချို့ မြေယာစီမံကိန်းထဲ ပါတယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်ဖျက်နေတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

6 drivers from northern Shan arrested by junta troops in Pyin Oo Lwin

Junta’s military troops arrested six cargo truck and passenger vehicle drivers at a checkpoint in Wet Wun village, Pyin Oo Lwin township, Mandalay Region, on the border with Nawnghkio township, northern Shan State, according to a driver who witnessed the incident.

ကုန်ကားတွေက တိုင်းရင်းသားလက်နက်ကိုင်တွေကို အခွန်ဆောင်တယ်ဆိုပြီး ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေက တိုင်းရင်းသားလက်နက်ကိုင်တွေကို အခွန်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဖြစ်စဉ်ကိုသိရှိသူ ကားသမားတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

ငလျင်ဒဏ်သင့်လူထုတွေ ပြင်ဦးလွင်မြို့သို့ ရောက်လာချိန် အိမ်ခန်းနဲ့ ဟိုတယ်ခ ဈေးတက်

မန္တလေးမှာ ငလျင်ဒဏ်သင့်လို့ အဆောက်အဦး ပြိုကျပျက်စီးတာကြောင့် ပြင်ဦးလွင်မြို့သို့ လာရောက် ခိုလှုံချိန် ပြင်ဦးလွင်ရှိ အိမ်ခန်းနဲ့ ဟိုတယ်တချို့ဟာ ဈေးတက်လာလို့ စျေးကြီး ပေးပြီး တည်းခိုနေရကြောင်း ကိုယ်တိုင် ကြုံတွေ့နေရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ဓားထိုးလုယက်မှုဖြစ်လို့ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံး

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဓား‌ထိုး လုယက်မှုဖြစ်လို့ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ နောက်ထပ်အမျိုးသားတစ်ဦး ထပ်မံပျောက်ဆုံး

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ကြားမှာ နောက်ထပ်အမျိုးသားတစ်ဦး ထပ်မံပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပြင်ဦးလွင်မှာ စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ သိန်း ၈၀ ကနေ သိန်း ၁၀၀ ကြား လာဘ်ထိုးရ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ပေါ်ရှိ နေအိမ်တချို့က စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သိန်း ၈၀ ကနေ သိန်း ၁၀၀ ကြားအထိ ပေးနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြင်ဦးလွင် ရေချမ်းအိုးရွာက လူနေအိမ် ၁ ထောင်နိီးပါးကို စစ်ကောင်စီတပ်က အင်အားသုံး ဖြိုဖျက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရွာက နေအိမ်ပေါင်း ၁ ထောင်နီးပါးကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ စက်ယန္တရားကြီး အသုံးပြုပြီး အင်အားသုံး ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။