ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ၉ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် မိသားစုဝင် ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။