ပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် မိသားစုဝင် ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။