Browsing Tag
Pekon
24 posts
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရ
ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ကယန်းအမျိုးသားနေ့ ကျင်းပတဲ့ သိကျိတ်ရွာ ဗုံးကြဲခံရ၊ ဒေသခံ နှစ်ဦး ဒဏ်ရာရ
(၂၅) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်တဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ် သိကျိတ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ နှစ်ဦး ဒဏ်ရာရရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY က ထုတ်ပြန်ထားပါတယ်။
ဖယ်ခုံမြို့နယ်က ဘုန်ကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူကို စစ်ကောင်စီကို သတင်းပေးနေသူဖြစ်လို့ သတ်ဖြတ်ခဲ့ကြောင်း ပျားစစ်ကြောင်းဝန်ခံ
ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူဟာ စစ်ကောင်စီကို သတင်းပေးနေသူဖြစ်တာကြောင်း ၎င်းတို့ တပ်ဖွဲ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပျားစစ်ကြောင်းအဖွဲ့က ထုတ်ပြောလာပါတယ်။
ဖယ်ခုံမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့ (၁၀) ဖွဲ့ တောင်းဆို
ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့ (၁၀)ဖွဲ့က မနေ့ မတ်လ ၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။
မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံး အသုံးပြုတိုက်ခိုက်နေကြောင်း KNDF ပြော
ရှမ်းတောင် ဖယ်ခုံမြို့နယ် ဗိုးဗြဲမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံး အသုံးပြုတိုက်ခိုက်နေတာရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး KNDF ထံ ဘက်ပြောင်းခိုလှုံ
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး KNDF ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ရဲ့ ဗဟိုနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။