Browsing Tag
Pekon
17 posts
မိုးဗြဲမြို့သို့ အင်အား ၆၀၀ ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ ၁၆ ဦးအလင်းဝင်
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့သို့ အင်အား ၆၀၀ ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ကာ ၁၆ ဦးအလင်းဝင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရ
ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ကယန်းအမျိုးသားနေ့ ကျင်းပတဲ့ သိကျိတ်ရွာ ဗုံးကြဲခံရ၊ ဒေသခံ နှစ်ဦး ဒဏ်ရာရ
(၂၅) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်တဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ် သိကျိတ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ နှစ်ဦး ဒဏ်ရာရရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY က ထုတ်ပြန်ထားပါတယ်။
ဖယ်ခုံမြို့နယ်က ဘုန်ကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူကို စစ်ကောင်စီကို သတင်းပေးနေသူဖြစ်လို့ သတ်ဖြတ်ခဲ့ကြောင်း ပျားစစ်ကြောင်းဝန်ခံ
ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူဟာ စစ်ကောင်စီကို သတင်းပေးနေသူဖြစ်တာကြောင်း ၎င်းတို့ တပ်ဖွဲ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပျားစစ်ကြောင်းအဖွဲ့က ထုတ်ပြောလာပါတယ်။
ဖယ်ခုံမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့ (၁၀) ဖွဲ့ တောင်းဆို
ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ ဘုန်းကြီးတစ်ပါးနဲ့ တပည့်ဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့ (၁၀)ဖွဲ့က မနေ့ မတ်လ ၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။