ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PNOတို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင် ၃ ဦး သေဆုံး

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNOတို့က လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် စစ်ရှောင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်း‌တောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်၊ စစ်ကောင်စီတပ် ပြန်ဝင်ပြီးနောက် မိုးဗြဲထဲက နေအိမ် ၂၀ နီးပါး မီးရှို့ခံရ

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက မနေ့ ဇူလိုင်လ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲက မနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့တွင်း လမ်းမကြီးကို မသုံးမပြုကြဖို့ ကရင်နီ တော်လှန်ရေးတပ်တွေ အသိပေးထားပြီး တိုက်ပွဲလည်း ဆက်ဖြစ်နေ

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းတောင် – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင်းက လမ်းမကြီးကို မသုံးမပြုကြဖို့ ကရင်နီ တော်လှန်ရေးတပ်တွေက မနေ့ ဇွန်လ ၃၀ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ PNOတပ်ဖွဲ့တွေက ဖယ်ခုံအရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာရှိ နေအိမ်ပေါင်း တစ်၀က်ကျော်ကို မီးရှို့ဖျက်ဆီး

ရှမ်းတောင် ဖယ်ခုံအရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာက နေအိမ်ပေါင်းတစ်၀က်ကျော်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်-PNOတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ PNO စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းတောင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးဗြဲမြို့သို့ အင်အား ၆၀၀ ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး၊ ၁၆ ဦးအလင်းဝင်

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့သို့ အင်အား ၆၀၀ ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ကာ ၁၆ ဦးအလင်းဝင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဖယ်ခုံမြို့ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ‌ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်

ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။