ပေါက်ခေါင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာကို စစ်ကောင်စီတပ်‌က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် အထိုင်ချထားတဲ့ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေ‌ဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှာ အင်အား ၄၀ ကျော်နဲ့ အထိုင်ချထားတဲ့ စစ်တပ်ရဲ့ ဘော်ဒါကျေးရွာ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်လာပါတယ်။