ပေါက်မြို့နယ် ထောက်ရှာပင်ရွာကို လေကြောင်းကနေ တိုက်ခိုက်၊ အမျိုးသမီး တစ်ဦး သေဆုံးပြီး ကျောင်းသူတစ်ဦးဒဏ်ရာရ
မကွေးတိုင်း ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramoter)နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျောင်းသူတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။