ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ပန်ဆိုင်းမှာ ကိုးကန့်အလံ ဖြုတ်ချပြီး မြန်မာနိုင်ငံအလံ ပြန်လွှင့်ထူ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)နယ်စပ်ရှိ ကိုးကန့်တပ်မတော်- MNDAA ရဲ့ အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံအလံ ပြန်လွှင့်ထူခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကြူကုတ်ပန်ဆိုင်းမြို့က ၂ နှစ်ကျော်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် ယွမ် ၃ သောင်း ချမှတ်

မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့က ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ကိုးကန့်တပ်- MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် တရုတ်ငွေ ယွမ် ၃ သောင်း ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။