ပုလဲက ချင်ပြစ်ရွာကို စစ်တပ်ကလေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချင်ပြစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဘက်က လက်လွှတ်ခဲ့ရတဲ့ ကန်ဒေါင့်ရဲစခန်းကို ထိုးစစ်ပြန်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းထားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲရှိ ကန်ဒေါင့်ရဲစခန်းကို ပြန်ရဖို့ စစ်တပ်ဘက်က ထိုးစစ်ပြန်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို PLAနဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ် ပစ်ချခံရတဲ့ ဂျက်ဖိုက်တာအပျက်အစီးဓာတ်ပုံ PLA ထုတ်​​ပြန်၊ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီ တုန့်ပြန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ ဂျက်ဖိုက်တာလေယာဉ်ရဲ့ အပျက်အစီးပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAက ထုတ်ပြန်ခဲ့ပြီး လေယာဥ်မှူး သေဆုံးနိုင်ခြေများကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။