ပုလဲမြို့နယ် ပစ်ချခံရတဲ့ ဂျက်ဖိုက်တာအပျက်အစီးဓာတ်ပုံ PLA ထုတ်​​ပြန်၊ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီ တုန့်ပြန်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ ဂျက်ဖိုက်တာလေယာဉ်ရဲ့ အပျက်အစီးပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAက ထုတ်ပြန်ခဲ့ပြီး လေယာဥ်မှူး သေဆုံးနိုင်ခြေများကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။