ပုလောက CDM ဆရာမနဲ့ သူရဲ့ခင်ပွန်း သတ်သွားသူတွေကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပစ္စတိုအတုနဲ့ လူထုတွေကို ခြိမ်းခြောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့တပည့်ဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး

ပစ္စတိုသေနတ်အတုနဲ့ လူထုတွေကို ငွေညစ်ခြိမ်းခြောက်နေတဲ့ တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ ၎င်းရဲ့တပည့်ဖြစ်သူ ပြည်သူ့စစ်မှုထမ်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

ပုလောနယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၀ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ပုလောမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။

ပုလောမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ပုလောမြို့နယ် မိမ္မမြို့ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။

ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးတပ်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံး

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ ပျူ ၃ ဦးသေဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။