အုတ်ဖိုက ကျေးရွာ ၃ ရွာကို စစ်တပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်တပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို့ရဲ့ ရဲဘော်အောင်ဇေယျမှ ရွှေဖီမြေကို ပြောပါတယ်။

အုတ်ဖိုမှာ PDF တွေကို ပေါ်တာ ဆွဲမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သတ်ခံရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာမှာ အခြေစိုက်တဲ့ ခမရ ၆ က အုတ်ဖို တာဆုံဘက် ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရှင်းလင်းခဲ့တယ်လို့ ဒီနေ့ ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

အုတ်ဖိုမှာ ဒေသခံတွေကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ချောင်းဂေါင်းအုပ်စု ဆယ်ရွာကနေ ဒေသခံတွေကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ မနေ့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ထိတွေ့မှုဖြစ်၊ စစ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု စင်မြင့်ရွာအနီး စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းတို့ လက်နက်ကြီး လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။