ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်နဲ့ PNO ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးဆီက သိရပါတယ်။