နတ်ရေကန်ဗျူဟာကုန်းဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ၂ လကြာ ခုခံတိုက်ခိုက်ပြီးနောက် စစ်သား ၂၆ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ၂ လကြာ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၂၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း ငဖဲမြို့နယ် နောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ငဖဲက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို CDF -Asho က သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာက စစ်ကောင်စီရဲ့ ကာကင်းစခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ် – အရှိုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ CDF -Asho က ဒီနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho က အရှင်ဖမ်းဆီးရမိ

မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ထွ‌က်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှိုက အရှင်ဖမ်းဆီးရမိထားတယ်လို့ CDF-Asho က ဒီနေ့ ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ငဖဲမြို့မှာ ကားလမ်းလုံခြုံရေး လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို CDF-Asho တိုက်ခိုက်၊ စစ်သား ၉ ဦး သေဆုံး

မကွေးတိုင်း ငဖဲမြို့နယ် ပဇီရွာ တပ်စခန်းကနေ ကားလမ်း လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ကို ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)က တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ CDF-Asho က ဒီနေ့ မေလ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ငဖဲမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမပေါ်က လိုင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးပြီး လက်တော့ပ်၊ဖုန်းတွေပါ သိမ်းဆည်သွား

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့၊ စပ်စီကျေးရွာက ချင်းအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ လာရောက်ပြီး ဖမ်းဆီးကာ လက်တော့ပ်နဲ့ ဖုန်းတွေပါ သိမ်းယူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်း ထိုးစစ်ဆင် တိုက်ခိုက်မှု တိုက်ပွဲပြင်းထန်လာ၊ စစ်ကောင်စီ လေ​ကြောင်း တိုက်ခိုက်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်-AAနဲ့ တော်လှန်ရေးပူပေါင်းတပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်‌သား ၂၃ ဦးကို CDF Asho က လက်နက်ခဲယမ်းနဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)က လက်နက်ခဲယမ်း‌နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုချင်းက ရွှေဖီမြေကို ပြောပါတယ်။

ငဖဲမြို့နယ်က ချင်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသား နှစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသား နှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။