ငဖဲမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမပေါ်က လိုင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။