အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်း၊ ပညာရေးဝန်ကြီးဌာနကျန်ခဲ့တာကြောင့် ကမန်းကတမ်းနောက်ဆက်တွဲထုတ်ပြန်ခဲ့ရ
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ်ရယူထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ စစ်ကောင်စီကဒီနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပေမဲ့ ပညာရေးဝန်ကြီးဌာနအမည်စာရင်းပါဝင်လာမှုမရှိတာကြောင့် ကမန်းကတမ်းနဲ့ နာရီပိုင်းအကြာမှာ နောက်ဆက်တွဲထုတ်ပြန်ခဲ့ပါတယ်။