နမ့်လန်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က အမျိုးသမီး၂ ဦးကို ဖမ်းဆီး၊ ၁ဦးကို ငွေ ၃ သိန်း တောင်းယူပြီး ပြန်လွှတ်ပေး
ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ တအာင်းအမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ တစ်ဦးကို ငွေ ၃ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။