နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မိုးသီး ရွာချမှုကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီး

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မိုးနဲ့အတူ မိုးသီး ရွာချတာကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ အလုပ်သွားလုပ်တဲ့ နမ့်ခမ်းက အမျိုးသမီးငယ်တစ်ဦး ၂ လ ကြာတဲ့အထိ ပျောက်ဆုံးနေ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စု ပန်ကနိုင်းရွာမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ မူဆယ်မြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လ ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

လက်လုပ်မိုင်းနဲ့ ငါးဖမ်းရာကနေပေါက်ကွဲမှုဖြစ်ပြီး မန်တပ်က အမျိုးသားတစ်ဦး သေဆုံး

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာက အမျိုးသားတစ်ဦးဟာ ရွှေလီမြစ်ထဲမှာ လက်လုပ်မိုင်းနဲ့ ငါးဖမ်းဖို့လုပ်နေရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

နမ့်ခမ်းနဲ့ နမ့်ဖတ်ကာကြားမှာ ကားကိုကျော်ဖို့လုပ်တဲ့ ဆိုင်ကယ်တစ်စီးက ကားအောက်ရောက်ပြီး ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြားက ၁၃ မိုင်မှာ ဆိုင်ကယ်တစ်စီးက ကားအကြီးကို ကျော်တက်ဖို့ လုပ်နေချိန်မှာပဲ ဆိုင်ကယ်က ကားအောက်ရောက်သွားပြီး ကားကြိတ်မိကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စိတ်ကျန်းမာရေးချို့ယွင်းတဲ့ နမ့်ခမ်းမြို့နယ်က အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ရွာက စိတ်ကျန်းမာရေးချို့ယွင်းတဲ့ အမျိုးသမီးတစ်ဦးကို မန်စပ်မှာ အလုပ်လာလုပ်တဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းပြည်တော်လှန်ရေးနဲ့ PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို PSLF/TNLA က ဂုဏ်ပြုချီးမြှင့်

၁၉၅၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ရှမ်းပြည်တော်လှန်ရေးနဲ့ ၁၉၆၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပလောင်အမျိုးသားတပ်ဦး- PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။

နမ့်ခမ်းမှာ ဘတ္ထရီအိုး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပြာကျ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ပန်ဟန်ကြီးကျေးရွာအုပ်စု ဖပြန်(ဖဖဲန်)ရွာမှာ ဘတ္ထရီအိုးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

အုတ်တံတိုင်း ပြိုကျတာကြောင့် မန်ဂူသီး ခူးတဲ့ နမ့်ခမ်းမှ ကလေးငယ်နှစ်ဦးကို ပိမိရာကနေ တစ်ဦးသေဆုံး

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ ဝိန်းဆာရပ်ကွက်မှာ အုတ်တံတိုင်း ပြိုကျတာကြောင့် မန်ဂူသီး ခူးနေတဲ့ ကလေးငယ်နှစ်ဦးကို ပိမိရာကနေ တစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာ ရခဲ့ပါတယ်။

TNLA တပ်သားတွေ ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ နမ့်ခမ်းက ဒေသခံ ၂ ဦးကို လာရောက်တောင်းပန်ပြီး နှစ်ဖက်အကြား ပြေလည်မှုရ

တအာင်းတပ်မတော်- TNLA ရဲ့ တပ်သားတွေက ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာက အသက် ၄၅ နှစ်အရွယ် ရွာအုပ်ချုပ်ရေးမှူး တာနိုင်ကျင်နဲ့ တာအနေအျကို TNLA တပ်သားက လာရောက် တောင်းပန်ခဲ့ပြီး နှစ်ဦးနှစ်ဖက်အကြား ပြေလည်မှု ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမှာ TNLA တပ်သားက ဒေသခံ ၂ ဦးကို ညိုမဲတဲ့အထိ ဖမ်းဆီးရိုက်နှက်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာရဲ့အုပ်ချုပ်ရေးမှူးနဲ ရွာခံအမျိုးသားတစ်ဦးကို TNLA တပ်သားက တစ်ပတ်နီးပါး ကြာတဲ့အထိ ဖမ်းဆီးထားပြီး ညိုမဲအောင် ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။