နမ့်ခမ်းမှာ SSPP က တပ်သားသစ် စုဆောင်းဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တပ်သားသစ် စုဆောင်းဖို့ အစည်းအဝေး ခေါ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ခြံရှင်းရင်း မိုင်းပေါက်မိလို့ ပေါက်ကွဲပြီး နမ့်ခမ်းက အမျိုးသမီးတစ်ဦး သေဆုံး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က အမျိုးသမီးတစ်ဦး မိုင်းပေါက်မိရာကနေပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

မိုင်းဝီးဒေသမှာ စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တွေအတွက် TNLA က ဆန်ထောက်ပံ့ပေး

တအာင်းတပ် TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသဖက်မှာ စားဝတ်နေရေးခက်ခဲတဲ့ နေအိမ်တွေကို PSLF/TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဆန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမြို့နယ်က ၅ နှစ်အရွယ် ကလေးကို TNLA တပ်သားက ရိုက်နှက်လို့ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား

နမ့်ခမ်းမြို့နယ် ဟိုနားရွာက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တအာင်းတပ် TNLA က ရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

ပလှံင်အေဲမ်ခြီရ်နီန် တိုအီး ကဝ်အီအာဝ်နိုက်အူအီး မဲႈဟာဝ်းကောန်ဒဲႇအူအီး ကံပ်ပဲန်ယံမ်း

တိုအီးအရာပ်ကဲအူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဘိူန်းတံပ်ဆီုက်တအာင်းကဲတထိင်ခြဲ ကပီုန်ဆျှံမ် ကဒါႇပိူည် လှံင်အေဲမ်ခြီရ် ပရဝ်ဟိုနား ကောန်အီမာည်းကဝ်အီအာဝ်နိုက်အူအီး မဲႈဟာဝ်းကောန်ဒဲႇအူအီး ကံပ်ပဲန်ယံမ်းဟာဝ်းအောႏ။

နမ့်ခမ်းမြို့နယ်မှာ စိတ်ကျန်းမာရေး ချို့ယွင်းသူက ကလေးငယ်တစ်ဦးကို ရိုက်နှက်လို့ သေဆုံး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ စိတ်ကျန်းမာရေး ချို့ယွင်းသူတစ်ဦးက ကလေးငယ်တစ်ဦးကို ရိုက်နှက်ရာကနေ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘက်ထရီအိုး ပေါက်ကွဲရာကနေ နမ့်ခမ်း၊ တွန်းကော်ရွာက နေအိမ်တစ်လုံး မီးလောင်၊ ‌သိန်း ၅၀၀ နီးပါး ဆုံးရှုံး

တအာင်းတပ် ထိန်းချုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ကျေးရွာအုပ်စု ‌တွန်းကော်ကျေးရွာမှာ ဘတ်ထရီအိုး ပေါက်ကွဲရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

ဇိူင်ကောန်အီမာည်း ကဝ်အီဟာဝ်းထွံရ်တီရ်ႈ ငျားဒေညဲ့မဴင် ပအေဲမ်ခြီရ်နီန်အူအီး ဟည်ကတ်ုတ် အူကဒါႇ

တိုအီးခေဲင်အရာပ်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ကောန်အီမာည်း ကဝ်အီဂေါည်ပလှံင်အေဲမ်ခြီရ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – TNLA နီန်အူအီး ငျားဖါ်ႈညဲ့မဴင် ဘ်ုပ်ချှူမ်ဟာဝ်းဇိူင်အ်ုန် အူကဒါႇအောႏ။

မှိုကောက်ရင်း မိုင်းနင်းမိတဲ့ နမ့်ခမ်းက အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ နမ့်ခမ်းက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရသေး

ကိုးကန့်ဒေသ ရှမ်းမြောက် လောက်ကိုင်ကို အလုပ်သွားလုပ်တဲ့ နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်ကျေးရွာအုပ်စု၊ တွန်ကော်ရွာက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။