မြင်းခြံ-တောင်သာ လမ်းပိုင်းမှာ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂၀ ဦး သေဆုံး

မန္တလေးတိုင်း မြင်းခြံနဲ့ တောင်သာမြို့နယ်ကြားမှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF တွေ ကြားဖြတ်တိုက်ခိုက်ရာ ၂၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။