ထားဝယ်ခီးရွာမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ မြိတ်-ထားဝယ်ခရိုင် ထားဝယ်ခီးရွာမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မြိတ်-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မြိတ်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြိတ်-ထားဝယ်ခရိုင်ရှိ စစ်ကောင်စီရဲ့ ထီးခီးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသမှာရှိတဲ့ စစ်ကောင်စီတပ် အခြေစိုက်စခန်းကို ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်လာပါတယ်။